International News

ရုရှားနိုင်ငံရှိ စိုက်ပျိုးရေးအဖွဲ့အစည်းများတွင် ရောင်းချရန်သိုလှောင်ထားသော ကောက်ပဲသီးနှံများ ၁.၇ ဆ မြင့်တက်လာ

Last Updated:

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ရုရှားနိုင်ငံ၏စိုက်ပျိုးရေးအဖွဲ့အစည်းများတွင် ရောင်းချရန် သိုလှောင်ထားသော ကောက်ပဲသီးနှံများသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၇ ဆ တိုးတက်လာပြီး ပမာဏတန်ချိန် ၁၃.၉၁၂ သန်းရှိကြောင်း Rosstat စာရင်းအင်းဌာန၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံကာလအတွင်းတွင် ဂျုံလက်ကျန်များမှာ တန်ချိန် ၉.၀၃၉ သန်းရှိပြီး ၆၉ ရာခိုင်နှုန်းတိုးလာကြောင်း၊ ပြောင်းလက်ကျန်များမှာ တန်ချိန် ၁.၇၂၉ သန်းရှိပြီး ၁၆.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ဂျုံရောင်းချရမှုပမာဏသည် တန်ချိန် ၁၇.၆၅၃ သန်းရှိပြီး ယခင်နှစ် အလားတူကာလထက် ၆၆.၃ ရာခိုင်နှုန်းပိုများကြောင်း၊ ပြောင်းရောင်းချရမှုပမာဏသည် တန်ချိန် ၃.၅၇၈ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက်  ၂၄ ရာခိုင်နှုန်းပိုများကြောင်း ဖော်ပြထားသည်။

ထို့အပြင် စိုက်ပျိုးရေးအဖွဲ့အစည်းများသည် ဇန်နဝါရီလမှ မေလအတွင်း ကောက်ပဲသီးနှံနှင့် ပဲမျိုးစုံပမာဏတန်ချိန် ၂၂.၃၅၈ သန်းရောင်းချခဲ့ပြီး ယခင်နှစ်ထက် ၅၅.၇ ရာခိုင်နှုန်းပိုများခဲ့ကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ၂၀၂၃ ခုနှစ် မေလတွင် ကောက်ပဲသီးနှံနှင့်ပဲမျိုးစုံပမာဏတန်ချိန် ၄.၇၅၁ သန်းရောင်းချခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၇၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ဂျုံရောင်းချရမှုပမာဏသည် တန်ချိန် ၃.၅၈၅ သန်းရှိပြီး ၈၁ ရာခိုင်နှုန်းတိုးလာကြောင်း၊ ပြောင်းရောင်းချရမှုပမာဏသည် တန်ချိန် ၆၃၀,၀၀၀ ရှိပြီး ၂၇.၁ ရာခိုင်နှုန်းပိုများကြောင်း ဖော်ပြထားသည်။

Source : https://tass.ru/ekonomika/18200967

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News